ဒီတစ်ခေါက် Su Myanmar ကနေတင်ပေးမယ့် အကြောင်းလေးကတော့ ဆံပင်လေးတွေ ကျမ်းမာသန်စွမ်းနေဖို့ ဘယ်လိုခေါင်းလျှော်ထိန်းသိမ်းရမလဲဆိုတယ့်အကြောင်းလေးဖြစ်ပါတယ်။
ဆံပင်ဆိုတာ လူတော်တော်များများမြတ်နိုးတန်ဖိုးထား ရတယ့် ကိုယ်ပေါ်ကအရာ တစ်ခုအဖြစ် အမျိူးသမီးတွေ အပြင် အမျိုးသားတွေပါလက်ခံထားကြပါတယ်။ ၇၀ ရာခိ်ုင်နှုန်းသောအမျိူးသားတွေက အမျိုးသမီးတွေကိုအရင် ဆုံးကြည့်ရင် ဆံပင်ကစပါတယ်တဲ့။ ဒီတော့ပျိူမေတို့ ခေါင်းလျှော်ရင်မှန်မှန်ကန်ကန်လျှော်မှ ဆံပင်လေးတွေက ကျမ်းမာသန်စွမ်းပြီးအမြဲလှနေမှာပေါ့။ အဲ့ဒီတော့ အိမ်မှာခေါင်းလျှော်ရင် နည်းလမ်းကျကျလျှော်မိရဲ့ လားဆိုတာကြည့်ရအောင်။
(1) ခေါင်းကိုနေ့တိ်ုင်းနီးပါးမလျှော်ရပါ
လူလတ်ပိုင်း အမျိုးသမီးတော်တော်များများက ဆံပင်အရမ်းထိန်းသိမ်းကြတာများပါတယ်။ အဲ့အခါကြရင် ခေါင်းကိုမကြာခဏလျှော်မိကြတယ်။ တကယ်တော့ ဆံပင်အမျိူးအစားနဲ့ပုံစံအကုန်နီးပါးအတွက် တစ်ပတ်ကို ၃ကြိမ်လျှော်ရင်လုံလောက်ပါတယ်။ ဆံပင်က လျှော်ပါများလေ အဆီပုံစံလို ထွက်လေ့ရှိပြီး စေးကပ်နေတတ် ပါတယ်။ အဲ့တာကြောင့် ဆံပင်ကိုတန်ဖိုးထားရင် ခေါင်းကိုမကြာမကြာမလျှော်မိပါစေနဲ့နော်။
(2) ဦးရေပြားကိုလက်သည်းနဲ့အရမ်းမကုပ်ပါနဲ့
ကျမ်းမာသန်စွမ်းတယ့် ဆံပင်တွေထွက်လာဖို့ ဦးရေပြားကအရေးကြီးပါတယ်။ ခေါင်းလျှော်တယ့်အခါ လက်သည်းနဲ့နာနာကုပ်မှ ဦးရေပြားကဂျီးတွေ ပျောက်မယ်လို့တော်တော်များများထင်လေ့ရှိတယ်။ တကယ်တော့ ဦးရေပြားကထင်သလောက်မညစ်ပတ်နေပါဘူး။ ခေါင်းလျှော်ရည်ထည့်ပြီးပွတ်လိုက်တာနဲ့ပြောင် ပါတယ်။ လက်သည်းနဲ့ကုပ်ပါများရင် ဆံပင်အမြစ်လေးတွေကိုထိခိုက်နိုင်ပါတယ်နော်။ အဲ့တော့ ဒီအတိ်ုင်လက် ထိပ်လေးနဲ့ပဲ ၂မိနစ် ၃မိနစ်လောက်စိတ်ရှည်ရှည်နဲ့ပွတ်ပေးပြီး ရေနဲ့ဆေးချလိုက်တာဟာ အမှန်ကန်ဆုံးနည်း လမ်းပါနော်။ နောက်ပြီး အဲ့လိုပွတ်ပေးခြင်းအားဖြင့် ဦးရေပြားကသွေးလည်ပတ်မှုကောင်းစေပြီး ဆံပင်တွေကိုပို သန်စွမ်းစေပါတယ်။နောက်ပြီး Conditioner လေးသုံးပေးပါနော်။
(3) ကိုယ်နဲ့ကိုက်ညီတယ့်ခေါင်းလျှော်ရည်ကိုပဲရွေးသုံးပါ
ဆံပင်တိုတိုပဲဖြစ်ဖြစ် ရှည်ရှည်ပဲဖြစ်ဖြစ် ကိုယ်နဲ့ကိုက်မယ့်ခေါင်းလျှော်ရည်ရွေးသုံးသင့်ပါတယ်။ တစ်ချို့ကကောင်းကောင်းမကောင်းကောင်း လျှော်တုန်းခဏပဲ ရေဆေးလိုက်ရင်ပြောင်သွားမှာပါဆိုပြီး ထင်ကြတယ်။ ခေါင်းလျှော်ရည်ရဲ့ effect တွေက ဦးရေပြားနဲ့ဆံပင်အမြစ်လေးတွေကိုပါ သက်ရောက်စေပါတယ်နော်။ ဥပမာ ကိုယ်ဆံပင်က စေးကပ်ကပ်ဖြစ်တတ်တယ်ဆိုရင်(Oily Hair) သုံးပြီးရင် ခြောက်သွေ့တယ့်ဖက်ကို ပိုအသားပေးတယ့် ခေါင်းလျှော် ရည်ကိုရွေးသုံးပေါ့။ ဒါမှမဟုတ် ကိုယ့်ဆံပင်က လျှော်ပြီးရင်နည်းနည်းဖွာချင်တယ့်ဘက် ရောက်တယ်ဆိုရင် moisture ပိုဖြစ်စေတယ့် ခေါင်းလျှော်ရည်ကိုသုံးသင့်တာပေါ့။ ခေါင်းလျှော်ရည်ဝယ်ရင် အောက်ဖက်က Labels တွေကိုဖတ် ဖို့မမေ့နဲ့နော်။
နောက်ဆုံးတစ်ခုကတော့ ခြောက်အောင်သုတ်ဖို့ပါ။
ခေါင်းလျှော်ပြီးရင်ပြီးပြီ လားဆိုတော့ မပြီးသေးပါဘူး။ လျှော်ပြီးသားဆံပင်တွေကိုခြောက်အောင်လုပ် ပေးရအုံး မှာပါ။အထူးသဖြင့် အပူပါတယ့် ဆံပင်သုံးပစ္စည်းတွေမသုံးခင် အရင်ဆုံးခေါင်းကို ခြောက်အောင် တဘက်နဲ့ပဲသုပ်ပေးသင့် ပါတယ်နော်။ ဒါကတော့သိပ်ပြောဖို့မလိုလောက်တော့ပါဘူး။ အရေးကြီးတာက အရင်ဆုံးတော့ဆံပင်တွေကို တဘက်လေးနဲ့ပဲရေခြောက်သွားအောင်သုတ်ပေးဖို့ပါ။
ဒီနည်းလမ်းလေးတွေကိုလိုက်နာပြီး အားလုံးပဲ ကျမ်းမာသန်စွမ်းတယ့် ဆံပင်လေးတွေပိုင်ဆိုင်နိုင်ပါစေလို့ Su Myanmar ကဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။
Comments