top of page
Search

လူတိုင်းလုပ်နိုင်တဲ့ Work from Home အလုပ်အကိုင်သုံးခု

  • Writer: Kaung Myat
    Kaung Myat
  • May 3, 2020
  • 1 min read

Covid 19 ကြောင့်စီးပွားရေးတွေ တဖြည်းဖြည်းကျဆင်းလာပြီး ကမ္ဘာ ပေါ်မှာအလုပ်လက်မဲ့လူဦးရေဟာ တဖြည်းဖြည်းတိုးပွားလာပါတယ်။ဒီထဲမှာ မြန်မာနိုင်ငံကလည်း အဲ့အခြေနေနဲ့ကြုံနေရတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်လာ ပြီး lockdown လုပ်ထားတဲ့နေရာတွေတိုးတိုးလာသောကြောင့် အလုပ်တွေ ကျောင်းတွေပိတ်ထားရပြီး unemployment rateတဖြည်းဖြည်းနဲ့မြင့်လာပါတယ်။

ဒါပေမယ့် အိမ်ကနေပဲအလုပ်လုပ်ပြီး ပိုက်ဆံရှာလို့ရတယ့် websites တွေ အင်တာနက်ပေါ်မှာ အများကြီးရှိပါတယ်။ အဲ့ webs တွေအကြောင်းမပြောခင်မှာ အဓိကအရေးကြီးတာက ဘာအလုပ်တွေကို ဘယ်လိုပုံစံနဲ့လုပ်ရမှလဲ။

တစ်ချို့နယ်ပယ်တွေ ဥပမာ programmer တို့၊ Graphic Designer တို့ အဲ့လိုင်းတွေကို နဂိုထဲက professional ယူထားတဲ့သူတွေဆိုရင်online jobsတွေကိုရဖို့အရမ်းလွယ်ပါတယ်။

ဒါပေမယ့် အဲ့လိုင်းအပြင်က အတွေ့ကြုံမရှိတဲ့လူတွေဆိုရင်ကော-

ဘာအတွေ့ကြုံမှမရှိပဲ ကျောင်းတက်ရင်း၊ အလုပ်နားရင်း အပိုဝင်ငွေရှာလို့ရတယ့်အလုပ်တွေရှိပါတယ်။


Copy Writer Job

Copy writer အလုပ်က အတွေ့ကြုံမရှိဘဲလွယ်လွယ်ပိုက်ဆံရှာနိုင်တယ့်အလုပ်ပါ။ internet ပေါ်မှာ copy writer position တွေကိုခေါ်နေတယ့် company တွေထောင်သောင်းမကရှိပါတယ်။ ဘာလုပ်ရမှာလည်းဆိုတော့ pdf file တွေမှာရေးထားတယ့်စာတွေကို word file အနေနဲ့စာပြန်ရိုက်ပေးရမှာပါ။ 1 page ကို 3$ to 5$ထိပေးကြပါတယ်။ကိုယ်လုပ်နိုင်ရင်လုပ်နိုင်သလောက်ရပါတယ်။

ဘာတွေလိုလည်းဆိုတော့ အဓိကက eng ကို advance လောက်မဟုတ်ရင်တောင် နည်းနည်းရေရေလည်လည် ပြောတတ်ဖို့လိုပါမယ်။ ဘာလို့လည်းဆိုတော့ အဲ့အလုပ်တွေကိုမြန်မာနိုင်ငံက ခေါ်တာနည်းပါတယ်။ များသောအားဖြင့် UK, US နဲ့ India ကခေါ်တာများပါတယ် ။နောက်ပြီး စကားပြောစရာလည်းမလိုပါဘူး အကုန်လုံးemail နဲ့ပဲအလုပ်လုပ်တာပါ။နောက်ပြီး စာရိုက်တတ်ဖို့တော့လိုပါမယ်။ရိုက်တာမမြန်လည်း ရိုက်ပါများလာရင်လက်ကွက်ကသူဘာသာသူ မြန်လာပါတယ်။


Data entry

Data entry အလုပ်က များသောအားဖြင့် excel နဲ့လုပ်ရတယ့်အလုပ်ပါ။ pdf file တွေ ဒါမှမဟုတ် photo တွေမှရှိတယ့်စာ တွေ အချက်လက်တွေကို ပြန်ပြီး စီပေးရတာပါ။ ဒါလည်း ပထမတစ်ခုလိုပဲ ဘာမှမလိုဘူး ။Excel ကလည်း you tube မှာ tutorial တွေကြည့်လို့ရတယ် အဓိကက englishစာ သုံးတတ်ဖို့နည်းနည်ပဲ လိုတာ။ ဒီအလုပ်တွေက များသောအားဖြင့် online interview တွေဖြေစရာမလိုဘူး အကုန်လုံး gmail, email နဲ့ပဲအလုပ်လုပ်ကြတာ။ Freelance ကော part time ကောလုပ်လို့ရသလို တစ်ချို့ full time ခေါ်တယ့် company တွေတောင်ရှိပါတယ်။


Accountant (Bookeeper)

ဒီအလုပ်ကတော့ accounting သင်ထားတယ့်လူတွေ LCCIပြီးထားတယ့်လူတွေ အတွက် အရမ်းအဆင်ပြေပါတယ်။ မတတ်လည်း websites တွေနဲ့ You tube ကနေ bookkeeper ဆိုတယ့်အပိုင်းကို အချိန်တစ်ခုလောက်ပေးပြီး လေ့လာစေချင်ပါတယ်။ ဒီဟာကိုဘာလို့ထဲ့ထားလည်းဆိုတော့ ဝင်ငွေအရမ်းကောင်းတယ့်အလုပ်မို့လို့ပါ။ bookkeeper ဆိုတယ့်အလုပ်ကစိတ်ဝင်စားရင် အရမ်းကြီးမခက်ပါဘူး နောက်ပြီး online မှာ free သင်ပေးနေတယ့် webs တွေအများကြီးရှိပါတယ်။ ဒီ links- http://www.dwmbeancounter.com/bookkeeping-course.html က bookkeeper subject ကို အစအဆုံး Free သင်ပေးပါတယ်။online accountant အလုပ်က online ကနေလုပ်လို့ရတယ့်အလုပ်တွေထဲမှာ အများဆုံးခေါ်တယ့်အလုပ်ပါ။ ဝင်ငွေအနေနဲ့ 25$ to 30$ per hr ထိပေးကြပြီး freelance ကော part time ကောလုပ်လို့တယ့်အလုပ်ပါ။

နောက် article တစ်ခုမှာ work from home အလုပ်တွေခေါ်တယ့် Webs တွေအကြောင်းရေးထားပါတယ်


Please Like and Share to support us.

 
 
 

댓글 1개


kokoflying49
2023년 12월 15일

လူတိုင်းလုပ်နိင်တဲ့အလုပ်မှာ ကျွန်တော်ကို ကူညီပေးပါ....

좋아요

©2020 by You Special. Proudly created with Wix.com

bottom of page