top of page
Search

ကိုယ့်ဒူးကိုယ်ချွန်ကြိုးစားပြီး အောင်မြင်လာခဲ့တယ့် ဘီလီယံနာ 5 ဦး

  • Writer: Kaung Myat
    Kaung Myat
  • May 3, 2020
  • 1 min read

ကမ္ဘာ့ဘီလီယံနာစာရင်းကိုထိပ်ဆုံးကဝင်တယ့် လူအယာက်၂ဝဝမှာ တစ်ဝက်ကျော်နီးပါး အတိအကျဆို ၁၃၇ ယောက်က ကိုယ့်ထူးကိုယ်ချွန်ပြီး ချမ်းသာလာသူတွေဖြစ်ပါတယ်။ ဒီစစ်တမ်းကိုကြည့်ချင်းအားဖြင့် အိမ်မက်တွေဟာ တကယ်ကြိုးစားရင်တကယ်ဖြစ်တယ်ဆိုတာကိုသက်သေပြနေပါတယ်။

1. Elon Musk( Founder of SpaceX, Motors and Contributor to Paypal) အသားတင်ကြွယ်ဝချမ်းသာငွေ- ၃၉ ဘီလီယံ


Elon Musk က တောင်အာဖရိကမှာမွေးတဲ့ ကနေဒါနိုင်ငံသားဖြစ်ပြီး အမေရိကန်နည်းပညာလောက မှာနာမည်တော်တော်ကြီးတယ့်သူပါ။ သူဟာ၁၂ နှစ်သားထဲက Code တွေအကြောင်းကို ကိုယ်ဘာသာလေ့လာခဲ့ပြီး ငယ်ငယ်ကတည်းက video gameတွေရောင်းပြီးပိုက်ဆံရှာခဲ့သူပါ။ သူပထမဦးဆုံး ကနေဒါကိုရောက်ရောက်ခြင်း ဂျုံစေ့ကျူံး တာတို့၊ ဘွိုင်လာသန့်ရှင်းရေးတို့၊ အသီးအနှံတွေခူးတာ စတဲ့အလုပ်တွေကို လုပ်ခဲ့ပါတယ်။ နောက်တက္ကသိုလ် စတတ်တဲ့အချိန်မှာလည်း Elonဟာ ကွန်ပြူတာအစိတ်အပိုင်းပစ္စည်းတွေလုပ်ပြီး အပိုဝင်ငွေရှာခဲ့ပါတယ်။ နောက်ပြီး ကျောင်းလခနဲ့အသုံးစရိပ်ဖိုးတွေအတွက် သူနဲ့သူ့သူငယ်ချင်း အတူတူမျှနေတယ့် အဆောင်ပုံစံအခန်းကျယ်ကြီးကို အားလပ်ရက်မှာ ကလပ်တွေ ပါတီပွဲတွေလုပ်ဖို့ အခန်းကျယ်အဖြစ်ငှားခဲ့ပါတယ်။ အခုဆိုသူဟာ SpaceX, Tesla Motors, Paypal စတယ့် ကုမ္ပဏီကြီးတွေအပါအဝင် ကုမ္ပဏီပေါင်းများစွာကိုတည်ထောင်ခဲ့ပြီး အချမ်းသားဆုံးသူဌေးစာရင်း ဝင်ခဲ့ပါတယ်။ 2. Warrwn Buffett( CEO of Verkeshire Hathaway) အသားတင်ကြွယ်ဝချမ်းသာငွေ- ၇၀ ဘီလီယံ


Warren Buffett ကအမေရိကန်က ရင်းနှီးမြုပ်နှံတဲ့နေရာမှာ ဆရာတစ်ဆူအဖြစ်တင်စားထားတယ့် စီးပွားရေးလုပ်ငန်းရှင်ပါ။ သူက အသက်၁၁နှစ်မှာကတည်းက stock တွေမှာရင်းနှီးမြုပ်နှံမှုတွေစတင်လုပ်လာပြီး အသက် ၁၄နှစ်အရွယ်မှာ အိမ်ခြံမြေတွေမှာပါ ရင်းနှီးမြုပ်နှံမှုတွေစတင်လုပ်လာပါတယ်။ သူအထက်တန်းကျောင်းပြီးချိန်မှာ ပင်ပေါင်စက်ထုတ်လုပ်ရေးအပါအဝင် စီးပွားရေးတစ်ချို့ကိုဖက်စပ်ပိုင်လာပါတယ်။ သူပထမဆုံး ပိုက်ဆံ ဒေါ်လာတစ်သိန်းကို အသက်၃ဝအရွယ်မှာပိုင်ဆိုင်ခဲ့ပြီး အဲ့အချိန်မှာပဲ လုပ်ငန်းအတွေ့အကြုံ နှစ်၂ဝလောက်ရှိနေပါပြီ။ သူ့ရဲ့အဲ့ဒီ့အတွေ့အကြုံကိုအသုံးချပြီး Berkeshire Hathawayဆိုတယ့်ကုမ္ပဏီကို စပြီးတည်ထောင်လာလိုက်တာ အခုဆိုအမေရိကန်ရဲ့အအောင်မြင်ဆုံး ကုပ္မဏီတစ်ခုဖြစ်လာပါတယ်။ 3. Jack Ma( Founder of China YellowPages And Alibaba) အသားတင်ကြွယ် ကြွယ်ဝငွေ- ၄၂.၁ဘီလီယံ



Jack Ma ဟာတရုတ်ပြည်ရဲ့စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ယောက်ဖြစ်ပြီး ဘီလီယံနာတစ်ယောက်ပါ။ သူဟာအ့ံသြဖို့ကောင်းလောက်အောင် စိတ်ဓာတ်ကြံ့ခိုင်သူတစ်ယောက်ဖြစ်ပြီး ကျရှုံးမှုပေါင်းများစွာကို ရင်ဆိုင်ခဲ့ရသူပါ။ကျောင်းသားဘဝရဲ့ ကျောင်းစာမေးပွဲတွေမှာခဏခဏကျသလို တက္ကသိုလ်လျောက်ချိန်မှာလည်း ၂ခါတိတိငြင်းခံခဲ့ရသူပါ။ အလုပ်ခွင်ဝင်ချိန်မှာလည်း အလုပ်လျှောက်တဲ့အခါ KFC အပါအဝင် ဒါဇင်နဲ့ချီတယ့်အလုပ်တွေက ပယ်ချခြင်းကိုခံခဲ့ရပါတယ်။ သူရဲ့စိတ်ဓာတ်ကြံ့ခိုင်မှု ဆုံးဖြတ်ချက်မှန်ကန်မှု အပြင်းအထန်ကြိုးစားချင်းတွေကြောင့် ၁၉၉၉ခုနှစ်မှာစတည်ထောင်လာတယ့် alibaba ဟာအောင်မြင်လာပြီး အခုဆို တရုပ်ပြည်သာမက ကမ္ဘာပေါ်က အချမ်းသားဆုံးလူစာရင်းထဲဝင်ခဲ့ပါတယ်။ “မဖြစ်နိုင်ဘူးဆိုတယ့်အရာကို စမ်းမလုပ်ကြည့်ဘဲနဲ့မဖြစ်နိုင်မှန်းဘယ်လိုမှမသိနိုင်ဘူး” Jack Ma 4. Elizabeth Holmes (Founder - CEO, Theranos) အသားတင် ကြွယ်ဝငွေ - ၄.၅ ဘီလီယံ


Elizabeth Holmes ဟာအမေရိကန်နိုင်ငံသူ တစ်ယောက်ဖြစ်ပြီး ဘဝရဲ့သုံးပုံပုံ တစ်ပုံနီးပါးကို သူ့ရဲ့သွေးစစ်ကုမ္ပဏီ Theranos မှာဖြတ်သန်းလေ့ရှိတယ့်သူပါ။သူဟာ အသက်ငယ်ဆုံးကိုယ့် ဒူးကိုယ်ချွန်အမျိုးသမီး ဘီလီယံနာစာရင်းဝင်သူတစ်ယောက်ဖြစ်ပြီး အသက်၁၉ နှစ်မှာ ဓာတုဗေဓ အထူးပြုဘာသာရပ်ယူထားရာကနေ အပ်တွေကိုင်တွယ်ရတာကိုကြောက်ပြီးကျောင်းထွက်ခဲ့ပါတယ်။ ထို့နောက်အပ်အသုံးမပြုဘဲ သွေးစစ်နိုင်မယ့်ဓာတ်ခွဲခန်းတစ်ခုကိုစမ်းသပ်ပြီး စတင်တည်ထောင်ခဲ့ ပါတယ်။ အခုဆိုရင်သူ့ရဲ့ဓာတ်ခွဲဌာနဟာ နှစ်စဉ် သွေးစစ်မှုပေါင်း၁ဝဘီလီယံလောက်ကို လက်ခံလုပ်ဆောင်လေ့ရှိပါတယ်။ 5. Zhou Qunfei (founder of Lens Technology) Networth: 7.6 Billion


Zhou Qunfei ဟာ မှန်ထုပ်လုပ်တယ့် ကုမ္ပဏီကိုတည်ထောင်ထားတယ့်သူဖြစ်ပြီး တရုပ်ပြည်ကကိုယ့်ထူးကိုယ်ချွန်ကြိုးစားပြီးအောင်မြင်လာတယ့် အမျိူးသမီးစာရင်းဝင်သူတစ်ဦးပါ။ သူ့ကုမ္ပဏီဟာတစ်ကမ္ဘာလုံးမှာရှိတယ့် စမတ်ဖုန်းကုမ္ပဏီတွေနီးပါး ကိုမှန်တွေရောင်းချနေတယ့်ကုပ္မဏီပါ။ သူ့အသက် ၁၆ နှစ်မှာ ငွေကြေးအခက်ခဲကြောင့်နဲ့ သူ့ရဲ့မျက်မမြင် ဖခင်အတွက်ကျောင်းကနေထွက်ပြီး နာရီကုမ္ပဏီတစ်ခုမှာအလုပ်ဝင်လုပ်ခဲ့ရပြီး မှန်တွေအကြောင်းလေ့လာခဲ့ပါတယ်။ အဲ့မှာအလုပ်လုပ်ရင်းနဲ့ပဲ ညဘက်တွေမှာ မှန်နဲ့ပတ်သက်တဲ့ နည်းပညာစာအုပ်တွေ နည်းပညာနဲ့ပတ်သတ်တာတွေကိုလေ့လာပြီး ၁၉၉၉ ခုနှစ်မှာကိုယ်ပိုင်ကုမ္ပဏီကို စတင်တည်ထောင်ခဲ့ပါတယ်။ ၂၀၁၅ခုနှစ်မှာ တစ်ကမ္ဘာလုံးထိစျေးကွက် ရခဲ့ပြီး နေ့ချင်းညချင်းပဲ ဘီလီယံနာတစ်ယောက်ဖြစ်လာပါတယ်။


Please, Like and Share for more articles.

 
 
 

Comments


©2020 by You Special. Proudly created with Wix.com

bottom of page