Work from Home အလုပ်လုပ် လို့ရတဲ့ websitsများ
- Kaung Myat
- May 3, 2020
- 1 min read
ဒီနေ့ articleမှာ တော့ Work from Home အလုပ်လုပ် လို့ရတဲ့ websits တစ်ချို့ကို sharing လုပ်ပေးမှာဖြစ်ပါတယ်။အဲ့ websiteတွေအကြောင်းမပြောခင်မှာ အိမ်မှာပဲလုပ်လို့ရတယ့် အရမ်းအဆင်ပြေတယ့်အလုပ်အမျိုးအစား ၁၀ မျိုးကိုအရင်ပြောပြချင်ပါတယ်.
1. Web Developer
2. Website Tester
3. Translator ( ဒီဟာကတော့Burmese to Eng ကမြန်မာနိုင်ငံလောက်မှာပဲရမယ်။ တစ်ကယ်လို့ ကိုယ်က English အပြင် Chinese တို့ Japan တို့ပါရရင် အဆင်ပြေပါတယ်။နောက်တစ်ခုက တိုင်းရင်းသား ဘာသာစကားတတ်ရင် Eng to Karen တို့လိုမျိုးလုပ်လို့ရပါတယ်။
4. Freelance Writer/Editor (ဒါကတော့ အရင်တစ်ခေါက်ကတင်ထားတယ့်ဟာပါ)
5. Social Media Manager
6. Data Entry
7. Accountant
8. Graphic Designer
9. Blogger
10. Online Tutoring Job
ဒါတွေက အိမ်မှာပဲလုပ်ပြီး ဝင်ငွေကောင်းတယ့်အလုပ်တွေပါ။ အဲ့အလုပ်တွေကိုအများဆုံး ခေါ်တယ့် အကောင်းဆုံး safe အဖြစ်ဆုံးwebsite တွေရှိပါတယ်။
Flexjob
ဒီ website မှာ job အခွင့်လမ်းပေါင်း ၅၀ ကျော်ကို companyတွေကနေနေ့တိုင်းနီးပါးခေါ်နေတယ့် website ပါ။ ကိုယ့်ကျွမ်းကျင်တယ့် လမ်းကြောင်းကို အထိကထားပြီးလျှောက်လို့ရပါတယ်။
Freelancer
ဒီ website ကတော့ ကျွန်တော် အကြိုက်ဆုံး website ပါ။ freelence job တွေကိုနေ့တိုင်းခေါ်နေပြီး သုံးရတာလွယ်တယ့် website ပါ။ Singn up လုပ်တာအလွယ်ဆုံးဖြစ်ပြီးတော့ ကိုယ် လုပ်နိုင်တယ့်အလုပ်တွေ ခေါ်နေရင် auto email တွေနဲ့ပို့ပေးပါတယ်။ ဒါပေမယ့်သူက long term နည်းပြီး freelance တွေ အချိန်ပိုင်းအလုပ်တွေပဲခေါ်တာများပါတယ်။
Guru
ဒီ websites ကတော့ တစ်ကမ္ဘာလုံးက company အတွေအတွက်ဝန်ထမ်းတွေ လွယ်လွယ်ကူခေါ်လို့ရ အောင် ရည်ရွယ်ပြီး ဒီဇိုင်းဆွဲထားတဲ့ website ဖြစ်ပြီး အခုဆိုအသုံးပြုသူပေါင်း ၃ သန်းကျော်ရှိပါတယ်။ အထူးသဖြင့် partime နဲ့ freelance အလုပ်တွေကို ခေါ်ပြီး payment စနစ်တွေကလည်း အရမ်းလွယ်ကူစိတ်ချရပါတယ်။
Upwork
ဒီ websiteကတော့ partime job တွေနဲ့ freelancer တွေအတွက်အကောင်းဆုံး webလို့တောင် ပြောလို့ရပါတယ်။ partime တွေအပြင် long term တွေပါခေါ်ပြီး အလုပ်ရဖို့အလွယ်ဆုံး website ပါ။ sign up လည်း free လုပ်ရတာပါ ဒါပေမယ့် အဓိကက ကိုယ်က အဲ့ဆိုဒ်ကိုဝင်ခွင့်ရဖို့ပါ။ ဒါကြောင့်လည်းအလုပ်ရဖို့ လွယ်တာပါ။ဝင်ခွင့်ရပြီဆိုတာက Upwork က Approved ပေးတယ့် အရည်ချင်းရှိသူ ဖြစ်ကြောင်းပြောတာနဲ့အတူတူပါပဲ။Companyတွေထောင်ကျော်လောက်က နေ့တိုင်းအလုပ်တွေခေါ်နေကြပြီး နေစဉ် Upwork ရဲ့Sign upအဆင့်မှာတင် ပယ်ချခံရတယ့်သူပေါင်းကလည်း ရာကျော်ရှိပါတယ်။ အဓိကက Sign up လုပ်တယ့်နေရာမှာကိုယ့်ရဲ့ profile နဲ့ portfolio ကိုသေချာရေးဖို့ပါပဲ။
ဒီwebsite ၄ခုကကျွန်တော်ကိုယ်တိုင် member ဝင်ထားပြီးသုံးဖူးတယ့် websiteလေးခုပါ။
နောက်ထပ်
• Toptal
• People Per Hour,
• Aquent
• PubLoft
• 99designs
• Paperell
• Solidgigs
စတယ့် websits တွေကလည်း work from home အလုပ်တွေခေါ်တယ့်နေရာတွေဖြစ်ပါတယ်။
Please Like and Share for further articles.
Comments